The 5 Second Rule (2017) က ကြောက်ရွံ့ခြင်းကင်းတဲ့ ဘ၀မှာ နေထိုင်နိုင်ဖို့အတွက်နဲ့
သတ္တိရှိရှိ ဘ၀မှာ ဖြတ်သန်းနေထိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို ပြုလုပ်ပြီး
ကိုယ့်ရဲ့ ဘ၀ကို ပြောင်းလဲနိုင်ဖို့အတွက် လမ်းညွှန်ပေးထားတဲ့ စာအုပ်ကောင်း
တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက မှတ်မိရလွယ်ကူပြီး လိုက်လံကျင့်သုံးဖို့လည်း
လွယ်ကူပါတယ်။ ချက်ချင်းလက်ငင်း အကျိုးထိရောက်မှုတွေလည်း ရှိပါတယ်။
ဒီနေ့ ဒီအချိန်ကနေ စပြီး ဒီနည်းလမ်းတွေကို လိုက်နာကျင့်သုံးတဲ့ ဘယ်သူမဆို သူတို့ရဲ့
ဘ၀တွေကို ပိုမို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိနဲ့ ပိုမိုတောက်ပတဲ့
မနက်ဖြန်တွေဆီကို ချီတတ်နိုင်ပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
အချိန်ပြည့် စိုးရိမ်ပူပန်နေတတ်သူတွေ
အချိန်ဆွဲ နှောင့်နှေးစွာ အလုပ်လုပ်ဆောင်တတ်တဲ့ ကျောင်းသားကျောင်းသူတွေနဲ့
ပရော်ဖက်ရှင်နယ် အလုပ်သမားတွေ
ကိုယ့်ရဲ့ ဘ၀ကို ပြောင်းလဲချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
