The 6 Types of Working Genius (2022) စာအုပ်က အလုပ်ခွင်ထဲမှာ မှန်ကန်တဲ့ စွမ်းရည်တွေက မှန်ကန်တဲ့ အလုပ်တာဝန်တွေနဲ့ ထပ်တူကျစေဖို့အတွက် လမ်းပြပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးတွေကို ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာကိုလဲ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အဖွဲအစည်းကို လူတွေအလုပ်လုပ်ပေးချင်တဲ့ နေရာတစ်ခု ဖြစ်အောင် ပြောင်းလဲဖို့အတွက် ခိုင်မာတဲ့ နည်းလမ်းတွေကိုလဲ ပေးထားပါသေးတယ်။
မူရင်း စာရေးဆရာအကြောင်း
Patrick M. Lencioni က အဖွဲ့အစည်းတွေအလုပ်လုပ်တဲ့ ပုံစံကို ပြောင်းလဲပေးတဲ့ Team တွေကို တည်ဆောက်တဲ့နေရာမှာ သြဇာရှိတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ The Table Group ဆိုတဲ့ Management Consulting Firm ရဲ့ တည်ထောင်သူဖြစ်ပြီး Fortune 500 Company တွေ၊ တက္ကသိုလ်တွေ၊ အားကစား အသင်းတွေ၊ စစ်တပ်နဲ့ ဘာသာရေးဆိုင်ရာအသင်းအဖွဲ့တွေကို ဆွေးနွေးပေးပါတယ်။ Lencioni က The Five Dysfunctions of A Team, The Four Obsessions of an Extraordinary Executive, နဲ့ Death by Meeting စာအုပ်တွေကို ရေးသားခဲ့တဲ့ New York Times ရဲ့ Best-selling စာရေးဆရာ တစ်ယောက်လဲ ဖြစ်ပါတယ်။