The 8th Habit (2004) စာအုပ်က ကိုယ့်ရဲ့ အတွင်းအသံ (inner voice) တွေကို ရှာဖွေနိုင်ဖို့အတွက်နဲ့ ပိုမိုပြည့်၀တဲ့ ဘ၀တစ်ခု ဖြစ်လာစေဖို့အတွက် ဦးဆောင်နိုင်အောင် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ Covey က ကျွန်တော်တို့တွေက စိတ်ဓာတ်ပြင်းပြဖို့၊ စိတ်တတ်ကြွနေအောင်လို့ ဘာအတွက်ကြောင့် ရုန်းကန်လှုပ်ရှားနေကြရတယ် ဆိုတာနဲ့ ဒီလိုမျိုး ဖြစ်လာအောင် ဘယ်လို ပြောင်းလဲ လုပ်ဆောင်ရမယ် ဆိုတာတွေကို ပြောပြပေးထားပါတယ်။
စီးပွားရေးခေါင်းဆောင်တွေ၊ ကိုယ့်ရဲ့ ဘ၀ကို မပြည့်၀သလို၊ လမ်းပျောက်နေသလို ခံစားနေရသူတွေနဲ့ ကိုယ့်ရဲ့ အလုပ်ခွင်မှာ ပျော်ရွှင်စွာ ထိရောက်စွာ အလုပ် လုပ်ကိုင်နိုင်ဖို့အတွက် ရုန်းကန်နေရသူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
ကိုယ်က သာမန် အလုပ်သမား၊ ဝန်ထမ်းတစ်ယောက် ဖြစ်နေပါစေ၊ ဒါမှမဟုတ် ထိပ်ပိုင်းက ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါစေ၊ အလုပ်ခွင်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အသံကို ရှာဖွေနိုင်ဖို့ ဆိုတာကတော့ လွယ်ကူမနေပါဘူး။
ကိုယ်က ဒီလို အသံကို ရှာဖွေနိုင်တယ်ဆိုရင်တောင် ဘယ်လိုမျိုး ထိရောက်စွာ အသုံးချရမယ်ဆိုတာကို သိရှိမှာ မဟုတ်ပါဘူး။
The 8th Habit စာအုပ်မှာတော့ စာရေးသူက ဒီလို ကိုယ်ပိုင်အသံကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားတွေ ပေးထားပြီး ဘယ်လိုမျိုးရှာဖွေရမယ်၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေကိုလည်း ဒီလို သူတို့ရဲ့ ကိုယ်ပိုင်အသံတွေကို ရှာဖွေနိုင်ဖို့အတွက် ဘယ်လိုမျိုး လှုံ့ဆော်ပေးသင့်တယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။