The Art of Learning (2007) စာအုပ်က ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အကောင်းဆုံး ထုတ်ပြပြီး ကိုယ် သင်ယူလေ့လာချင်တဲ့ အရာတွေကို အလွယ်တကူ လေ့လာသင်ယူနိုင်ဖို့အတွက် သိသင့်တဲ့ အချက်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးသူက သူ့ရဲ့ စစ်တုရင်၊ ချက်ကစားခြင်းနဲ့ သိုင်းပညာ martial arts လေ့ကျင့် လေ့လာခဲ့မှု အတွေ့အကြုံတွေကို အခြေခံထားတဲ့ နည်းလမ်းတွေကို ပြောပြထားပြီး ကိုယ့်ရဲ့ ဦးနှောက်မှာ ပိုပြင်းထန်စွာ၊ ပိုလျှင်မြန်စွာ၊ ပိုပြီး ထိရောက်စွာ လေ့လာသင်ယူနိင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ် ရွေးချယ်လိုက်တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေမှာ စွမ်းဆောင်ရည်တွေ ပိုမို တိုးတတ်လာစေချင်တဲ့သူတွေ၊
- ဖိအားတွေ များလွန်းတဲ့ အခြေအနေမျိုးတွေမှာ ပိုပြီး စွမ်းဆောင်ရည် ရှိရှိ အလုပ် လုပ်ဆောင်ချင်တဲ့ ဝန်ထမ်းတွေ၊
- စွမ်းဆောင်ရည် စိတ်ပညာ (performance psychology) ပိုင်းကို စိတ်ဝင်စားတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။