The Art of Simple Living (2019) စာအုပ်က ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို ပြုလုပ်နိုင်ဖို့အတွက် သေးငယ်တဲ့ အလေ့အကျင့်လေးတွေ အကြောင်းကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဇင်ဗုဒ္ဓဘာသာရဲ့ အဆုံးအမ နည်းလမ်းတွေနဲ့ ဒီနည်းလမ်းတွေကို ဘယ်လို ကျင့်သုံး အကောင်အထည် ဖော်ရမယ် ဆိုတာကိုလည်း ရှင်းပြပေးထားပါတယ်။ တကယ် လက်တွေ့ အသုံးဝင်တဲ့ နည်းလမ်းတွေနဲ့ ရေးသားဖော်ပြထားတဲ့ ဒီစာအုပ်က ပိုမို ငြိမ်းချမ်းတဲ့ ဘ၀တစ်ခု ဖြစ်လာစေဖို့အတွက် လမ်းပြညွှန်ကြားနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဗုဒ္ဓဘာသာ အတွေးအခေါ်တွေအကြောင်း စိတ်ဝင်စားတဲ့သူတွေ
- ဘ၀ကို ရှုထောင့်အသစ်ကနေ ကြည့်ရှုဖို့ ကြိုးစားနေတဲ့ Minimalists သမားတွေ
- လတ်ဆတ်တဲ့ ရှုထောင့်အသစ်ကို ရှာဖွေနေတဲ့ Self-help သမားတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။