ကိုယ်က
- အကောင်းဆုံး အလုပ်လုပ်ဆောင်နိုင်မယ့် အလုပ်ခွင် နေရာတစ်ခုကို ဒီဇိုင်းဆွဲ ပုံဖော်ချင်တယ်ဆိုရင်၊
- ကိုယ့်ဝန်ထမ်းတွေရဲ့ စိတ်ကျေနပ်မှုတွေကို တိုးတတ်လာအောင် လုပ်ဆောင် ပေးချင်တယ်ဆိုရင်၊
- အလုပ်ခွင်မှာ ဝန်ထမ်းတွေအနေနဲ့ စိတ်တတ်ကြွစွာ အလုပ် လုပ်ဆောင်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ထုတ်ပေးနိုင်ဖို့အတွက်ဆိုရင်
အဝေးကြီးကို လိုက်ကြည့်နေစရာ မလိုပါဘူး။
The Best Place to Work စာအုပ်ထဲမှာ ကိုယ့်ရဲ့ အလုပ်ခွင် ပတ်ဝန်းကျင် တစ်ခုလုံးကို တိုးတတ်လာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ ဝန်ထမ်းတွေအနေနဲ့ အလုပ်တွေကို ပိုပြီးမြောက်အောင် လုပ်ဆောင်နိုင်စေဖို့၊ စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်စေဖို့အတွက် နည်းလမ်းကောင်းတွေကို ညွှန်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်ခွင်ဒီဇိုင်းရေးဆွဲခြင်းကို စိတ်ဝင်စားတဲ့သူတွေ
- ဝန်ထမ်းတွေရဲ့ အလုပ်ခွင် စိတ်ကျေနပ်မှုတွေအကြောင်း သိရှိချင်တဲ့သူတွေ
- အလုပ်တွေကို ပိုများများ ပြီးမြောက်စေချင်တဲ့ မန်နေဂျာတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။