The Buddha and the Badass (2020) စာအုပ်က လေးနက်တဲ့ ကိုယ်တိုင် နားလည်သိရှိမှုတွေနဲ့ သင်ယူလေ့လာမှုတွေကို အသုံးပြုပြီး ဘ၀မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာအောင် ဖန်တီးကြမလဲ ဆိုတာကို ပြောပြ လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သင် လုပ်ဆောင်နေတဲ့ အလုပ်တွေရဲ့ အမှန်တကယ် အဓိပ္ပာယ်ရှိမှုတွေကို ရှာဖွေနိုင်ဖို့အတွက်၊ သင့်ရဲ့ ရည်ရွယ်ချက်တွေကို ပြည့်၀အောင်မြင်စွာ လုပ်ဆောင်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အဆင့်တွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကနေ တဆင့် သင့်ရဲ့ စိတ်ကူးထဲက ဘ၀ပုံစံကို ဒီဇိုင်းဆွဲ ပုံဖော်ပြီး ဒီအတိုင်း ရှင်သန်နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- သူတို့ လုပ်ဆောင်နေရတဲ့ အလုပ်တွေမှာ အကျိုးထိရောက်စွာ လုပ်ဆောင်နိုင်မှုတွေ၊ အဓိပ္ပာယ်တွေ ရှိစေချင်ကြတဲ့ သူတွေ
- သူတို့ရဲ့ အဖွဲ့တွေကို လှုံ့ဆော်ပေးချင်ကြတဲ့ ခေါင်းဆောင်တွေ
- သူတို့ရဲ့ ပုဂ္ဂလိက ဘ၀၊ ပရော်ဖက်ရှင်နယ် အလုပ်ခွင် ဘ၀တွေကို ပြောင်းလဲချင်ကြတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။