The Comfort Crisis (2021) စာအုပ်က ဒီနေ့ခေတ်မှာ ကြုံတွေ့နေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ကုသပေးနိုင်ဖို့အတွက် နည်းလမ်းတွေကို ထုတ်ဖော် ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စိတ်သက်တောင့်သက်သာ ဖြစ်နေပြီးသား ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေထဲမှာ ဘယ်လို စိန်ခေါ်မှုမျိုးနဲ့မှ မကြုံတွေ့ရခြင်းက ကျွန်တော်တို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ဘယ်လိုမျိုး ဆုတ်ယုတ်စေတယ်ဆိုတဲ့ အကြောင်းတွေနဲ့ သဘာ၀ပတ်ဝန်းကျင်၊ အရိုင်းဆန်တဲ့ နယ်မြေ၊ နေရာတွေကို သွားရောက်ခြင်းက သင့်အတွက် ဘယ်လို ကောင်းကျိုးတွေ ရှိစေတယ်ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ဒီနေ့ခေတ် ဘ၀မှာ လမ်းပျောက်ဆုံးသလိုလို အမြင်ထွေပြားနေကြတဲ့သူတွေ
• သဘာ၀ပတ်ဝန်းကျင်ထဲ သွားရောက်လည်ပတ် နေထိုင်တာက ဘယ်လိုမျိုး ကောင်းကျိုးတွေ ရှိလာနိုင်လဲ ဆိုတာကို သိချင်နေကြတဲ့သူတွေ
• သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို ပိုမိုတိုးတတ် လာစေချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။