The Compound Effect စာအုပ်က ကျွန်တော်တို့ ပြုလုပ်လိုက်တဲ့ အသေးငယ်ဆုံးသော ဆုံးဖြတ်ချက်တွေကို အာရုံစိုက်ထားပြီး နောက်ဆုံး ကိုယ့်အတွက် ကျန်ရှိနေမယ့် အပြောင်းအလဲ တွေကို ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာနဲ့ ဒီလို အပြောင်းအလဲတွေရဲ့ ကျွန်တော်တို့အပေါ် အကျိုးသက်ရောက်မှုတွေကို သိရှိအောင် လမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ စာရေးသူက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘ၀တွေက တာဝန်၀တ္တရားတွေကို လက်ခံလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အကျင့်တွေကို ပြောင်းလဲပြီး ပိုမို အောင်မြင်လာနိုင်မယ့်၊ ကိုယ့်ရဲ့ ဆန္ဒတွေကို ပိုမို ပြည့်၀လာပြီး ပိုမို ပျော်ရွှင်နိုင်မယ့် အကြောင်းတွေကို သင်ကြားပေးထားပါတယ်။