Daniel Coyle ရဲ့ The Culture Code (2018) စာအုပ်က ဒီနေ့ ခေတ်ပြိုင် စီးပွားရေးလောကမှာ ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကို အဖြေပေးနိုင်ဖို့အတွက် စိတ်ပညာ၊ အဖွဲ့အစည်းဆိုင်ရာ အပြုအမူ သီအိုရီတွေကို လေ့လာပြီး group culture တွေအကြောင်းကို ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်အချက်တွေက အုပ်စုတစ်ခုကို အလုပ်တွေ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ပြုလုပ်ပေးတာလဲ။ ဘာအကြောင်းကြောင့် တချို့သော အုပ်စုတွေ၊ အသင်းတွေရဲ့ လုပ်ဆောင်မှုတွေက တခြားသော ပြိုင်ဘက်တွေထက် သာလွန်နေရတာလဲ။
ဒီလိုအကြောင်းအရာတွေကို လက်တွေ့ကျတဲ့ လေ့လာချက်တွေကနေတဆင့် အုပ်စုအတွင်း အလုပ် လုပ်ဆောင်မှု group dynamics အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြ ပြောဆိုပေးထားပါတယ်။