The Desire Map (2014) စာအုပ်က သင့်အလိုဆန္ဒတွေရဲ့ အပြုသဘောဆောင်တဲ့ စွမ်းအားတွေ အကြောင်းကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သင့်ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းအားတွေနဲ့ ရည်မှန်းချက် ပန်းတိုင်တွေ တကယ်ဖြစ်လာအောင် အကောင်အထည်ဖော် လုပ်ဆောင်တဲ့နေရာမှာ တွန်းအားဖြစ်စေမယ့် အားအင်တွေကို အလိုဆန္ဒတွေက ပေးစွမ်းနိုင်စွမ်း ရှိပါတယ်။
သင်ကိုယ်တိုင် ကောင်းစွာသိရှိနားလည်ထားတဲ့ လိုအင်ဆန္ဒတွေက သင်လိုချင်တဲ့အရာတွေ ဖြစ်မြောက်လာအောင် လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ် ဆိုတဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်းပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• သူတို့ရဲ့ ဘ၀မှာ ဖြစ်ချင်တဲ့ အလိုဆန္ဒတွေ မပြည့်၀သလို ခံစားနေကြရတဲ့သူတွေ
• ကမ္ဘာလောကကြီးထဲမှာ ကိုယ့်အတွက် နေရာတစ်နေရာ ရရှိချင်ကြတဲ့ သူတွေ
• အလိုဆန္ဒတွေကို တကယ်လက်တွေ့ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ သိချင်နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။