The Discomfort Zone (2018) စာအုပ်က ကျွန်တော်တို့ကို နောက်ပြန်ဆွဲနေတဲ့ အကြောက်တရားတွေကြားထဲမှာ ဘယ်လို သက်တောင့်သက်တာ ဖြစ်အောင် နေရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီနေရာမှာ စာရေးသူ ပြောချင်တဲ့ Discomfort ဆိုတာက comfort ရဲ့ ဆန့်ကျင်ဘက် စကားလုံးဆိုတာ အပြင် နာကျင်မှုတွေ၊ ရှက်ရွံ့မှုတွေ၊ အကြောက်တရားတွေ၊ သိမ်ငယ်မှုတွေ စတဲ့ အဓိပ္ပာယ်တွေ ကိုလည်း ဆိုလိုတယ် ဆိုတာကို သိထားဖို့ လိုပါတယ်။ ဆိုလိုချင်တာက အကြောင်းတစ်ခုခုကြောင့် ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရတဲ့ ခံစားမှုတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။
ဒီစာအုပ်က ဒီလို ခံစားမှုတွေ၊ အကြောက်တရားတွေကို အနိုင်ယူပြီး အောင်မြင်မှုဆီ သွားရောက်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အပြင်မှာ တကယ်ကြုံတွေ့နေရတဲ့ တကယ့်လက်တွေ့ ဥပမာတွေနဲ့ ကျွန်တော်တို့တွေက ဘယ်လို အချိန်မျိုးတွေမှာ သက်တောင့်သက်တာ မခံစားရဘူးလဲ ဆိုတဲ့ အကြောင်းတွေနဲ့ ဒီအချက်တွေကို အနိုင်ယူနိုင်မယ့် နည်းဗျုဟာတွေအကြောင်းကိုလည်း ပြည့်စုံစွာ ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။