The End of Marketing (2020) စာအုပ်က ကိုယ့်ရဲ့ brand ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကျော်ကြားလာတဲ့ အမှတ်တံဆိပ် brand တစ်ခု ဖြစ်လာအောင် ဘယ်လို တည်ဆောက်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို လမ်းညွှန် ပြသပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အရင် အချိန်တွေတုန်းကလိုမျိုး ရိုးရိုးတန်းတန်း နည်းလမ်းတွေနဲ့ စျေးကွက် ရှာဖွေတဲ့၊ ကြော်ငြာတဲ့ traditional marketing နည်းလမ်းတွေက အခုအချိန်မှာ အလုပ်မဖြစ်တော့ပါဘူး။
စားသုံးသူတွေ၊ ဖောက်သည်တွေရဲ့ စိတ်ထဲမှာ ကိုယ့်ရဲ့ ကုန်အမှတ်တံဆိပ်ကို စွဲစွဲလမ်းလမ်း ကျန်ရှိ နေစေဖို့ဆိုရင် လူမှုကွန်ရက်တွေကို အသုံးပြုနေကြသူတွေရဲ့ စိတ်အာရုံတွေကို ဖမ်းစားနိုင်ဖို့နဲ့ သူတို့ရဲ့ ယုံကြည်ချက်တွေကို ရယူဖို့ လိုလာပါတယ်။