The Essential HR Handbook (2008) စာအုပ်က လူသားအရင်းအမြစ် စီမံခန့်ခွဲမှု (human resources management) အကြောင်းတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခု၊ အဖွဲ့အစည်းတစ်ခု အောင်မြင်နိုင်ဖို့အတွက် အဓိကကျတဲ့ ဝန်ထမ်းတွေကို ခေါ်ယူခန့်အပ်ခြင်းနဲ့ ဝန်ထမ်းတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲမှုရမယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လူသားအရင်းအမြစ် (HR) ဌာနမှာ အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ
- သူတို့ အဖွဲ့အစည်းတွေရဲ့ အလုပ်လုပ်ဆောင်နေပုံအကြောင်း ပိုမိုကောင်းမွန်စွာ နားလည်သိရှိချင်တဲ့ မန်နေဂျာတွေ
- ဝန်ထမ်းအသစ် ခေါ်ယူခန့်အပ်တဲ့နေရာမှာ လုပ်ဆောင်သင့်တဲ့ အချက်တွေကို သိရှိချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။