The First 2 Hours (2019) စာအုပ်က သင့်ရဲ့ တစ်နေ့တာ အလုပ်တွေကို အကောင်းဆုံးနည်းလမ်း တွေနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် ကူညီလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အလုပ်ချိန်တွေမှာ ကျွန်တော်တို့တွေ အကုန်လုံးက အီးမေးလ်တွေ၊ အခမ်းအနားပွဲ ဖိတ်ကြားလွှာတွေ အမြောက်အမြားနဲ့ အလုပ်ရှုပ်နေတတ်ကြပြီး ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် အလုပ်တွေ မပြီးစီးတတ်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။
ဒီအတွက်ကြောင့် The First 2 Hours စာအုပ်က သင့်ရဲ့ အလုပ်ခွင်ဘ၀ကို ဟန်ချက်ညီစေနိုင်ဖို့အတွက် သိပ္ပံနည်းကျနည်းလမ်းတွေကို ထုတ်ဖော်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်လုပ်ဆောင်မှု Productivity နည်းလမ်းတွေကို ထိရောက်စွာ လုပ်ဆောင်မှု efficiency ရှိရှိနဲ့ လုပ်ဆောင်ချင်ကြတဲ့သူတွေ
- အလုပ်ခွင်မှာ ဝန်ထမ်းတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကို ထိရောက်မှု ရှိစေချင်ကြတဲ့ မန်နေဂျာတွေ
- ကိုယ့်ရဲ့ တာဝန်၀တ္ထရားတွေကို ပြည့်၀အောင် လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစား နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။