The Five Most Important Questions You Will Ever Ask About Your Organization (2008) စာအုပ်က မန်နေဂျာတိုင်း၊ ကုမ္ပဏီပိုင်ရှင်တိုင်းက ကိုယ့်ရဲ့ အဖွဲ့အစည်း အသီးသီးကို အောင်မြင်စေ နိုင်တဲ့ အခွင့်အရေးတွေ ပိုမို တိုးပွားလာစေဖို့အတွက် ကိုယ့်ကိုကိုယ် ပြန်လည်မေးမြန်းသင့်တဲ့ ထိရောက်တဲ့ မေးခွန်း (၅) ခုအကြောင်းကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီမေးခွန်းတွေကို အကျိုးအမြတ် မယူတဲ့ non-profit အဖွဲ့အစည်းတွေ အပေါ်မှာ အဓိကထားပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်ပေမယ့် ဒီသင်ခန်းစာတွေကို တခြားသူတွေနဲ့ မတူညီချင်တဲ့၊ ကွဲပြားခြားနား မှုတွေကို လုပ်ဆောင်ချင်တဲ့ အဖွဲ့အစည်းတိုင်းမှာ အသုံးချလို့ ရနိုင်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- စီးပွားရေးလုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ တခြားသော stakeholders တွေ
- စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းသားကျောင်းသူတွေ
- ခေါင်းဆောင်မှုအရည်အသွေးတွေ ပိုမိုတိုးတတ်လာချင်တဲ့ စာဖတ်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။