The Four Steps to the Epiphany စာအုပ်က ၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေမှာ ထွက်ရှိခဲ့တာဖြစ်ပြီး startup လုပ်ငန်းတွေရဲ့ လုပ်ဆောင်မှု ပုံစံ တော်လှန်ရေးကို စတင်ပေးခဲ့တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။
Startup လုပ်ငန်းတွေ စတင်တည်ထောင်တဲ့ နည်းလမ်းတွေကို ထုတ်ကုန်တွေကို အခြေပြုတဲ့ နည်းလမ်းတွေကနေ ဖောက်သည်တွေကို အခြေပြုတဲ့ နည်းလမ်းတွေ ဖြစ်လာစေဖို့အတွက် ပြောင်းလဲဖို့ လိုအပ်ကြောင်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
အခြေကျပြီးသား ကုမ္ပဏီကြီးတွေအနေနဲ့ သူတို့မှာ ရှိပြီးသား ဖောက်သည်တွေအတွက် ထုတ်ကုန်တွေကို အခြေပြုတဲ့ product development တွေအပေါ်မှာ လုပ်ဆောင်နိုင်ပေမယ့် startup လုပ်ငန်းတွေကတော့ ပထမဦးဆုံး အောင်မြင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာနိုင်စေဖို့အတွက် ဖောက်သည်တွေကို အခြေပြုပြီး ကုမ္ပဏီကို တည်ဆောက်ရမှာ ဖြစ်ကြောင်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။