The Gen Z Frequency (2018) စာအုပ်က ဒီနေ့ခေတ်လို အချိန်မှာ brands တွေအနေနဲ့ ဒီနေ့ခေတ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ Generation Z တွေနဲ့ ဘယ်လိုမျိုး ကောင်းမွန်တဲ့၊ အဓိပ္ပာယ်ပြည့်၀တဲ့ relationships တွေကို တည်ဆောက်ရမလဲ ဆိုတာကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒါ့အပြင် brands တွေအနေနဲ့ Generation Z တွေကို ဆွဲဆောင်နိုင်ဖို့အတွက် content strategy, marketing, social media စတာတွေကို ဘယ်လိုမျိုး အထိရောက်ဆုံး ဖြစ်အောင် အသုံးချရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကိုလည်း ဒီစာအုပ်ထဲမှာ ရှင်းပြပြောဆိုပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ကိုယ့်ရဲ့ ထုတ်ကုန်တွေ၊ Brands တွေကို Generation Z တွေဆီကို ရောက်ရှိအောင် ကြိုးစားချင်ကြတဲ့သူတွေ
• လူငယ်တွေရဲ့ youth culture နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် ကြိုးစားနေကြတဲ့ မားကတ်တင်းသမားတွေ
• သူတို့ရဲ့ target audience က ဘယ်သူတွေ ဖြစ်မလဲ ဆိုတာကို လိုက်ရှာဖွေနေကြတဲ့ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။