The Happiness Equation (2016) ဟာဆိုရင် ပျော်ရွှင်တဲ့ ဘဝတစ်ခုမှာ နေနိုင်ဖို့ လိုအပ်တဲ့ လျှို့ဝှက်ချက် ၉ ခုကို ဖော်ထုတ်ပေးသွားမယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက် ၉ ခုကတော့ ဘဝမှာ အကောင်းမြင်စိတ်ရှိခြင်းကြောင့် ရလာနိုင်မယ့် ဆုလာဘ် တွေကို ရိတ်သိမ်းနိုင်စေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။ ပျော်ရွှင်မှုဆိုတာက စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေကို လျော့ကျစေရုံပဲမဟုတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အလုပ်အကိုင်နဲ့ အောင်မြင်မှုတွေရဲ့ လမ်းစလဲဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
-မပျော်ရွှင်နေတဲ့ သူတွေ
– သူတို့ရဲ့ အလုပ်မှာမပျော်ရွှင်ပဲ အလုပ်ကို ကြောက်နေတဲ့သူတွေ
– ဘဝကို ထိန်းကျောင်းပေးနိုင်မယ့် နည်းလမ်းကိုရှာဖွေနေတဲ့ စာဖတ်သူတွေဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။
မူရင်းစာရေးသူအကြောင်း
New York Times မှာ စာအုပ်အရောင်းရဆုံး စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Neil Pasricha ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်၊ Public speaker တစ်ယောက်၊ အကြံပေးတစ်ယောက်လဲပဲ ဖြစ်ပါတယ်။ နာမည်ကြီး Blog တစ်ခုဖြစ်တဲ့ 1,000 Awesome Things ရဲ့ တည်ထောင်သူဖြစ်ပြီး အဲ့ Blog ကိုပဲ The Book of Awesome ဆိုပြီး စာအုပ်ပြန်ထုတ်ခဲ့ပါသေးတယ်။