The Hidden Habits of Genius (2020) စာအုပ်က ပါရမီရှင် (Genius) တွေလို့ ခေါ်ဆိုနိုင်တဲ့ သူတွေနဲ့ ရိုးရိုးသာမန်လူတွေကြားထဲက ခြားနားချက်တွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ရှေးဟောင်း ဂရိခေတ်ရဲ့ အတွေးအခေါ် ပညာရှင်တွေကနေ စတင်ပြီး ခေတ်သစ်ဂျပန်ပြည်က တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်ခဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ ဥပမာတွေနဲ့ ပါရမီရှင် (Genius) တစ်ယောက် ဖြစ်လာအောင် ဘယ်လို အချက်အလက်တွေက ပြုလုပ်ပေးထားတာလဲ၊ ကျွန်တော်တို့ ကိုယ်တိုင် ပါရမီရှင် (Genius) တစ်ယောက် ဖြစ်လာဖို့အတွက် ဘယ်အချက်တွေကို လိုက်နာ လုပ်ဆောင်ရမလဲ စတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ဖို့အတွက်လဲ။
• အလုပ်ခွင်မှာစွမ်းဆောင်ရည် အပြည့်အ၀နဲ့ အလုပ်တွေကို လုပ်ဆောင်ချင်ကြတဲ့ သူတွေ
• ဘယ်အရာတွေ၊ ဘယ်အချက်တွေက ပါရမီရှင်တစ်ယောက် ဖြစ်လာစေတာလဲ ဆိုတာကို သိချင်နေကြတဲ့ ကျောင်သားတွေ
• ကိုယ့်ရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းအားတွေကို အမြင့်ဆုံး ဖြစ်လာအောင် မြှင့်တင်ချင်ကြတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။