The Job-Ready Guide (2019) စာအုပ်က အလုပ်အကိုင် လှေကားထစ်တွေပေါ်မှာ ပထမဆုံး စတင် လျှောက်လှမ်းကြတော့မယ့် သူတွေအတွက် လမ်းပြမြေပုံသဖွယ် ကူညီပေးနိုင်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
အလုပ်အကိုင် ရှာဖွေတဲ့နေရာမှာ အသုံးဝင်တဲ့ အကြံဉာဏ်တွေ၊ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာကို ဆွဲဆောင်မှု ရှိအောင် ရေးသားဖို့နဲ့ အင်တာဗျုးတွေမှာ ကောင်းမွန်စွာ ဖြေဆိုနိုင်ဖို့တွေအတွက် အကြံဉာဏ်တွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဒီနေ့ခေတ်မှာ အလုပ်အကိုင်တစ်ခုကို ရှာဖွေနေကြတဲ့သူတွေအတွက် အသုံးဝင်တဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- တက္ကသိုလ်၊ ကောလိပ်တွေကနေ အလုပ်က ထွက်ခါစ ကျောင်းသူကျောင်းသား လူငယ်တွေ
- လူငယ်တွေကို အလုပ်အကိုင်နဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ up-to-date အကြံဉာဏ်တွေကို ပေးချင်တဲ့ ဆရာ၊ ဆရာမတွေ၊ အုပ်ထိန်းသူတွေ
- အသက်မွေးဝမ်းကျောင်းအလုပ် ပြောင်းလဲလုပ်ကိုင်ချင်နေတဲ့ လူငယ် ပရော်ဖက်ရှင် လုပ်သားတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။