The Journey Beyond Fear (2021) စာအုပ်ကတော့ ကြောက်စိတ်ကို ကျော်လွှားပြီး ကိုယ့်ရဲ့ ဖြစ်နိုင်စွမ်းတွေကို အပြည့်ဝဆုံးထိ ရောက်အောင် လုပ်ဆောင်ပေးမယ့် လမ်းညွှန်စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ Silicon Valley မှာ နှစ် (၄၀) ကြာ အလုပ်လုပ်နေစဥ် အတောအတွင်းမှာ Hagel က လူတိုင်းအတွက် အကျိုးရှိနိုင်ပြီး လက်တွေ့ကျတဲ့ Tools ၃ ခု ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဒီ Tools တွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို သေသေချာချာ ရှင်းပြထားပါတယ်။ ဒါကြောင့် သင့်ရဲ့ Personal နဲ့ Professional ဘဝမှာ စိတ်လှုပ်ရှားစရာ အခွင့်အရေးအသစ်တွေကို လုပ်ဆောင်နိုင်စေပါလိမ့်မယ်။
မူရင်း စာရေးသူအကြောင်း
John Hagel III က Silicon Valley မှာ အခြေစိုက်တဲ့ Business Strategist တစ်ယောက် ဖြစ်ပါတယ်။ Beyond Our Edge ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ Deloitte ကုမ္ပဏီနဲ့ Partner လည်း ဖြစ်ခဲ့ပြီး McKinsey & Company and Boston Consulting Group နဲ့လည်း အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။ The Power of the Pull စာအုပ်အပါအဝင် Business နဲ့ ပတ်သက်တဲ့ စာအုပ်ပေါင်း များစွာကို ရေးသားခဲ့ပါတယ်။