The Languages of Leadership (2019) စာအုပ်က ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ ခေါင်းဆောင်တွေနဲ့ ထိရောက်စွာ ခေါင်းဆောင်နိုင်စွမ်း မရှိတဲ့ ခေါင်းဆောင်တွေကြားထဲက ကွာခြားချက်တွေကို ထုတ်ဖော်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ ရိုးရှင်းတဲ့ နည်းလမ်းအနည်းငယ်နဲ့ သင်က သင့်ရဲ့ ကိုယ်ပိုင် ခေါင်းဆောင်မှု ပုံစံတွေကို ကျင့်သုံးပြီး ဒီနေ့ခေတ်လို အပြိုင်အဆိုင်များလွန်းလှတဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့၊ ဝန်ထမ်းတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို တတ်လှမ်းချင်ကြတဲ့ ဂျုနီယာ၊ အလယ်အလတ်အဆင့် executives ရာထူးမှာ တာဝန်ထမ်းဆောင်နေသူတွေ
- သူတို့ရဲ့ အဖွဲ့ကို ပိုပြီး တတ်ကြွလာအောင် လှုံ့ဆော်ပေးချင်နေကြတဲ့ ထိပ်ဆုံးနေရာက ခေါင်းဆောင်တွေ
- ခေါင်းဆောင်မှုအရည်အချင်းတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဖြစ်လာအောင် တည်ဆောက် လုပ်ဆောင်ချင်ကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။