The Laws of Wealth (2016) စာအုပ်က ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကျိုးကြောင်းဆီလျှော်မှု မရှိတဲ့ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို ပြန်လည်နားလည်လာအောင် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အပြုအမူဆိုင်ရာ စိတ်ပညာ behavioral psychology ပိုင်းက အချက်အလက်တွေကို ဆွဲယူ ဖော်ပြထားတဲ့ ဒီစာအုပ်ထဲမှာ စာရေးသူ Daniel Crosby က ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပျက်စီးစေနိုင်တဲ့ အားနည်းချက်တွေအကြောင်း၊ အခက်အခဲတွေ၊ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးမှာ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေကို ပိုမိုတွက်ချက်တတ်ကြတယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။
ဒီအတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူကောင်းတစ်ယောက် ဖြစ်လာဖို့အတွက် ကျွန်တော်တို့တွေ ပြောင်းလဲ လိုက်နာ ကျင့်သုံးနိုင်တဲ့ လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ နည်းဗျုဟာတွေကို ဒီစာအုပ်ထဲမှာ ပြောပြ ပေးထားပါတယ်။
ရင်းနှီးမြှုပ်နှံမှု နယ်ပယ်မှာ ကိုယ်က ဘယ်နေရာမှာ မှားယွင်းလို့ မှားယွင်းနေမှန်း မသိကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ လူတွေက သူတို့ရဲ့ ငွေကြေးတွေကို သုံးစွဲတဲ့နေရာမှာ သူတို့ရဲ့ စိတ်ခံစားချက်တွေက ဘယ်လိုမျိုး လွှမ်းမိုးမှုတွေ ရှိလဲဆိုတာကို သိချင်နေကြတဲ့သူတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ ခန့်အပ်ခြင်းရဲ့ ကောင်းကျိုးတွေကို သိရှိလိုသူတွေ ဖတ်ရှုသင့်တဲ့ စာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။