The Leader Habit (2018) စာအုပ်က ခေါင်းဆောင်မှုအတွက် အသိပညာ ဗဟုသုတတွေကို ဖော်ပြပေးထားတယ် ဆိုတာထက် ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင်၊ ကိုယ့်ရဲ့ ခေါင်းဆောင်မှုတွေက ဖွံ့ဖြိုးတိုးတတ်လာအောင် ကျင့်သုံးလုပ်ဆောင်ရမယ့် နည်းလမ်းတွေ၊ အလေ့အကျင့်တွေကို အသေးစိတ် ချည်းကပ်တင်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ခေါင်းဆောင်မှု အလေ့အကျင့်တွေကို တိုးတတ်လာအောင် လုပ်ဆောင်ပြီး အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် microbehaviors နည်းလမ်းတွေကို တိုးတတ်လာအောင် လုပ်ဆောင်ခြင်း နည်းအားဖြင့် ဒီစာအုပ်က ပိုကောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်လာအောင် တိုတောင်းတဲ့ training exercises တွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ကိုယ်လိုအပ်နေတာက ကိုယ့်အတွက် လမ်းညွှန်မှု ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ အကြံဉာဏ်တွေနဲ့ လွယ်ကူစွာ လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ ဖြစ်ပါတယ်။ ဒီလို အရည်အချင်းတွေကို ဒီစာအုပ်ကနေ တဆင့် ရရှိနိုင်ပါလိမ့်မယ်။