The Leadership Lab (2018) စာအုပ်က ၂၁ ရာစုမှာ အဓိကကျနေတဲ့ ခေါင်းဆောင်မှု ပိုင်းဆိုင်ရာတွေ အပြောင်းအလဲတွေကို သိရှိနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ၂၁ ရာစုမှာ ခေါင်းဆောင်တွေက သူတို့ဆီမှာ ဘယ်လိုမျိုး အပြုသဘောဆောင်နေတဲ့ ကောင်းကျိုးတွေ ရှိနေလဲ၊ ဘယ်လိုမျိုး အပျက်သဘော ဆောင်တဲ့ ဆိုးကျိုးတွေ ရှိနေလဲ ဆိုတာတွေနဲ့ ဒီလို အကျိုး သက်ရောက်မှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမယ် ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးထား ပါတယ်။
ဒါ့အပြင် ခေါင်းဆောင်တွေက ကိုယ့်ရဲ့ ဝန်ထမ်းတွေနဲ့ အထိရောက်ဆုံးဖြစ်အောင် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲ၊ ကိုယ့်အဖွဲ့ရဲ့ စွမ်းဆောင်မှုတွေကို အမြင့်ဆုံးဖြစ်လာအောင် ဘယ်လို ကြိုးစား အားထုတ်ရမလဲ ဆိုတာတွေနဲ့ တစ်ယောက်ချင်းစီရဲ့ ပူးပေါင်းပါဝင်မှုတွေ မြင့်တတ် လာအောင် ဘယ်လို တိုက်တွန်း တွန်းအားပေးရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။