The Like Switch စာအုပ်ထဲမှာ စာရေးသူ Jack Schafer က တခြားသူ တစ်ယောက်ယောက်ကို ဆွဲဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ လူမှုပေါင်းသင်းဆက်ဆံရေး ခန္ဓာကိုယ် အမူအယာ (nonverbal social cues) တွေအကြောင်းကို ရေးသား ဖော်ပြပေးထားပါတယ်။
FBI agent ဟောင်းတစ်ဦးဖြစ်ပြီး စိတ်ပညာဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူ တစ်ဦး ဖြစ်တဲ့ Schafer က ဒီစာအုပ်ထဲမှာ တခြားသော လူတွေကို လွှမ်းမိုးနိုင်ဖို့၊ နောက်ထပ် မိတ်ဆွေသူငယ်ချင်းများစွာ ရရှိလာနိုင်ဖို့အတွက် နည်းဗျုဟာတွေကို တင်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အစကနဦးအချိန်ကနေ စတင်ပြီး ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးတစ်ခု ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို သင်ယူနေချင်ကြတဲ့သူတွေ
- စိတ်ပညာပိုင်းမှာ စိတ်ဝင်စားသူတွေ
- စီးပွားရေးလုပ်ငန်းတွေအတွက် ပေါင်းသင်းဆက်ဆံရေး communication နည်းဗျုဟာတွေ အကြောင်း စိတ်ဝင်စားသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။