The Making of a Leader (2020) စာအုပ်က ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အကြောင်းအရာ၊ ခေါင်းဆောင်မှုပညာ အကြောင်းကို ရှင်းပြပေးထားတဲ့ စာအုပ်တ်စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာနဲ့ ကိုယ်ကိုယ်တိုင် ဒီလို ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားပါတယ်။
ဘယ်သူမဆို ခေါင်းဆောင်ဖြစ်ချင်လို့ ရပါတယ်။ ဒါပေမဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်မှာ အလုပ် လုပ်ကိုင်ခဲ့ဖူးသူတွေ အနေနဲ့ ခေါင်းဆောင်ကောင်းတွေနဲ့ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု နှစ်ခုကြားထဲမှာ ကွာခြားချက်တွေ ရှိနေတယ်ဆိုတာကို သေချာပေါက် ပြောဆိုကြပါလိမ့်မယ်။
တကယ့်ခေါင်းဆောင်အစစ်က တကယ် ခေါင်းဆောင်ပါတယ်။ ပန်းတိုင်တွေ ချမှတ်ပါတယ်။ လူတွေကို စိတ်တတ်ကြွမှု ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။ သူတို့ရဲ့ အဖွဲ့တွေကို ကောင်းမွန်တဲ့ အရာကို အောင်မြင်စွာ လုပ်ကိုင်နိုင်အောင် တွန်းအားပေးပါတယ်။