The Myth of Multitasking (2009) စာအုပ်က ကျွန်တော်တို့ သိထားတဲ့ အလုပ်ပေါင်းများစွာကို စုပြုံလုပ်ကိုင်ခြင်း multitasking အယူအဆ အလွဲတွေ အကြောင်းကို ထုတ်ဖော်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
တကယ့် အမှန်တရားတစ်ခုကတော့ လူသားတွေရဲ့ စိတ်က အာရုံစူးစိုက်မှုတွေကို ခွဲခြားပြီး အလုပ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် တည်ဆောက်ထားတာ မဟုတ်ပါဘူး။ သင်က အရည်အသွေးရှိတဲ့၊ အချိန်မှီ ပြီးစီးတဲ့ အလုပ် အရည်အသွေးတွေကို လိုချင်တယ်ဆိုရင် အချိန်တစ်ခုမှာ အလုပ်တစ်ခုပဲ လုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြ ပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်တွေကို အလွန်အကျွံ လုပ်ဆောင်နေကြတဲ့ စွန့်ဦးတီထွင် စီးပွားရေးသမားတွေ၊ ကုမ္ပဏီ ပိုင်ရှင်တွေ
- မိသားစုအတွက် အချိန်ပိုပေးချင်ကြတဲ့ မိဘတွေ
- စိတ်ဖိစီးမှုတွေ များပြားနေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။