The New Corner Office (2020) က ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ကြုံတွေ့နေရတဲ့ နေအိမ်မှ အလုပ်လုပ်ဆောင်ခြင်း (working from home) တွေကို လုပ်ဆောင်တဲ့ နေရာမှာ အရင်လိုပဲ တီထွင်ဆန်းသစ်စွာနဲ့ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အဓိပ္ပာယ်ရှိတဲ့ အကြံဉာဏ်တွေကို ပြောပြလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အောင်မြင်မှု နည်းဗျုဟာ အသစ်ကို ရှာဖွေချင်တဲ့ အလုပ်သမားတွေ၊ လုပ်ငန်းခွင်နဲ့ ဝေးကွာပြီး နေအိမ်မှာ အလုပ်လုပ်ဆောင်ရတာက ကောင်းကျိုးတွေရော ရှိပါ့မလားလို့ သံယယ ရှိနေတဲ့ မန်နေဂျာတွေနဲ့ မိမိတို့ရဲ့ နေအိမ်မှ အလုပ်လုပ်ကိုင်တဲ့ အခါမှာလည်း အရင်ကလိုပဲ အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ချင်ကြတဲ့ သူတွေအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။