The Now Habit စာအုပ်က ဒီနေ့ခေတ် လူတွေ အများစု တွေ့ကြုံနေရတဲ့ ပြဿနာတစ်ခု ဖြစ်တဲ့ အချိန်ဆွဲနှောင့်နှေးတတ်ခြင်း (procrastination) ကို အနိုင်ယူနိုင်ဖို့အတွက် နည်းလမ်းတွေကို ထုတ်ဖော်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဘာဖြစ်လို့ လူတွေက အရေးကြီးတဲ့ အလုပ်တာဝန်တွေကို နောက်ဆုံးအချိန်နား နီးကပ်မှ ထလုပ်ကြတာလဲ။ The Now Habit စာအုပ်ထဲမှာတော့ ဒီဖြစ်စဉ်တွေက ဘယ်လိုမျိုး ဖြစ်ပေါ် လာတယ်ဆိုတာနဲ့ ဘယ်လိုစိတ်ထားတွေ၊ နည်းလမ်းတွေနဲ့ ဒီပြဿနာကို ကျော်လွှားနိုင်တယ် ဆိုတဲ့ အကြောင်းကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အချိန်ဆွဲနှောင့်နှေးတတ်ခြင်းရဲ့ ဆိုးကျိုးတွေကို ခံစားနေကြရတဲ့သူတွေ
- အချိန်ဆွဲ နှောင့်နှေးတတ်သူတွေကို ကူညီပေးချင်ကြတဲ့သူတွေ
- ကိုယ်တိုင်စီမံခန့်ခွဲနိုင်စွမ်း self-management နဲ့ personal development အပိုင်းတွေကို စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။