The One Hour Content Plan (2017) စာအုပ်က blog content တွေ ရေးသားတဲ့ နေရာမှာ တီထွင်ဆန်းသစ်စွာနဲ့ ရေးသားပြီး ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့၊ ဖတ်ရှုသူတွေရဲ့ စိတ်အာရုံတွေကို ဖမ်းဆုပ်ယူနိုင်စေဖို့အတွက် နည်းဗျုဟာကျကျ လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
online marketing လောကမှာ နှစ်ပေါင်းများစွာ ကြာအောင် ရရှိခဲ့တဲ့ အတွေ့အကြုံတွေရဲ့ အသီးအပွင့်တွေနဲ့ စာရေးသူ Meera Kothand က content creators ဖြစ်ချင်သူတွေအတွက် ဘယ်လိုမျိုး အာရုံစိုက် လုပ်ဆောင်ရမလဲဆိုတာကို ဒီစာအုပ်ထဲမှာ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးထားပါတယ်။
အသုံးဝင်တဲ့ နည်းလမ်းတွေ၊ နည်းဗျုဟာတွေနဲ့ ပြည့်နေတဲ့ ဒီစာအုပ်က ဖတ်ရှုသူတွေကို ထက်မြက်တဲ့ အတွေးအခေါ်တွေ ရရှိစေနိုင်ပါလိမ့်မယ်။ Bloggers တွေနဲ့ Marketers တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။