The One-Page Financial Plan (2015) စာအုပ်က ကိုယ့်ရဲ့ ဘက်ဂျက်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ လွယ်ကူအောင် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဘာအကြောင်းကြောင့် ပိုက်ဆံက ကိုယ့်အတွက် အရေးပါတာလဲ ဆိုတာကို သိပြီဆိုတာနဲ့ ကိုယ်က ကိုယ် လုပ်ချင်တဲ့ အလုပ်တွေ လုပ်နိုင်တဲ့ ပိုက်ဆံပမာဏကို ရရှိအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာတွေ၊ တည်ငြိမ်တဲ့ ဝင်ငွေတွေ stable income ဖြစ်ဖို့အတွက် ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာတွေနဲ့ အနာဂတ်အတွက် ဘယ်လို စုဆောင်းရမလဲ ဆိုတာတွေကို ပြောပြပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ့်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ အိပ်မက်တွေကို သိရှိစေနိုင်ဖို့အတွက် ရိုးရှင်းစွာနဲ့ အစီအစဉ်ချပြီး ကိုယ့်ရဲ့ ဘက်ဂျက်တွေကို ဖြေရှင်းတဲ့နည်းလမ်းတွေနဲ့အသုံးချနိုင်တဲ့ tools တွေကို ဖော်ပြပေးထားပါတယ်။
ကိုယ့်ရဲ့ အနာဂတ် ဘဏ္ဍာရေးကဏ္ဍတွေကို အစီအစဉ် ချမှတ်ချင်နေတဲ့သူတွေ၊ ပိုက်ဆံ စုဆောင်းချင်တဲ့သူတွေနဲ့ ဘက်ဂျက်တွေကို စီမံခန့်ခွဲရတာ ပျင်းစရာ အလုပ်ပါကွာ လို့ ထင်နေတဲ့ သူတွေ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။