The ONE Thing (2013) စာအုပ်က သင့်အတွက် အရေးအကြီးဆုံး ပန်းတိုင်တစ်ခုကို ရှာဖွေတွေ့ရှိ နိုင်စေဖို့အတွက် ကူညီလမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီလို တွေ့ရှိထားတဲ့ တစ်ခုတည်းသော ပန်းတိုင်ကို ရောက်ရှိအောင် သင့်ရဲ့ အချိန်တွေကို စီမံခန့်ခွဲမှု ရှိစွာ အသုံးရမယ့် နည်းလမ်းတွေနဲ့ သင့်ရဲ့ ဘ၀မှာ ဦးစားပေးလုပ်ဆောင်ရမယ့် အရာတွေ သတ်မှတ်ပြီး ဘယ်လိုမျိုး ရှင်သန်နေထိုင်ရမလဲ၊ ဟန်ချက်ညီအောင် ဘယ်လိုမျိုး နေထိုင်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီစာအုပ်ထဲမှာ အကြံပေး ရှင်းလင်းပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• သူတို့ရဲ့ အလုပ်လုပ်ဆောင်မှု productivity နည်းလမ်းတွေကို တိုးတတ်လာစေချင် ကြတဲ့သူတွေ
• သူတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင် ဘယ်အချိန်မှာ ကြိုးစားလုပ်ဆောင်မလဲ ဆိုပြီး အချိန်တစ်ခုကို ရှာဖွေဖို့ ခက်ခဲနေသူတွေနဲ့
• သူတို့ရဲ့ နေ့စဉ်ဘ၀မှာ ပိုမိုရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက် တစ်ခုခုကို လိုက်ရှာဖွေနေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။