လူအများစုက အရောင်းမြှင့်တင်ရေး၊ ကြော်ငြာလုပ်ငန်းတွေက ခက်ခဲတယ်၊ အချိန်တွေ အများကြီး ပေးရတယ်၊ ပိုက်ဆံတွေ အများကြီး ကုန်ကျတယ်၊ အဆက်အသွယ်ကောင်းတွေ အများကြီး လိုတယ်လို့ ထင်ထားကြပါတယ်။ ဒါပေမယ့် The One Week Marketing Plan (2014) ကတော့ ဒီလို ထင်မြင်ထားတာတွေက ယုံတမ်းစကားသာ ဖြစ်ကြောင်း ရှင်းပြပေးထားပါတယ်။
ဒီစာအုပ်ထဲမှာ စာဖတ်သူတွေကို သတင်းအချက်အလက်ခေတ်ကြီးထဲမှာ ကိုယ်တိုင် သင့်တော်သလို ပြုလုပ်နိုင်တဲ့၊ ကုန်ကျစရိတ် သက်သာပြီး၊ ထိရောက်မှုရှိတဲ့ ကြော်ငြာနည်းဗျုဟာတွေ အကြောင်းကို ပြောပြပေးထားပါတယ်။
အနိမ့်ဆုံးသော ရင်းနှီးမြုပ်နှံမှုတွေနဲ့ အင်အားကောင်းတဲ့ ကြော်ငြာလုပ်ငန်းတွေကို လုပ်ဆောင်ချင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ၊ တမူ ထူးခြား ဆန်းသစ်တဲ့ နည်းဗျုဟာတွေကို စိတ်ဝင်စားတဲ့ marketing ဆိုင်ရာ ကျောင်းသားတွေ၊ ကြော်ငြာလုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင်ချင်တဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။