စနစ်တကျ စုစည်းတည်ဆောက်ထားတဲ့ စိတ် (The Organized Mind) ဆိုတာက ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲကို ဝင်ရောက်လာတဲ့ အချက်အလက်တွေကို စနစ်တကျ နေရာချထားပေးပြီး သူ့နေရာနဲ့ သူ စီစဉ်လုပ်ဆောင်တတ်တာမျိုး ဖြစ်ဖို့အတွက် လေ့ကျင့်ထားတာမျိုးကို ဆိုလိုပါတယ်။
ကျွန်တော်တို့ရဲ့ ဦးနှောက်ကို အိမ်အကြီးကြီးတစ်လုံးလို့ စိတ်ကူးယဉ်ကြည့်ပါ။ လှပပြီး သန့်ရှင်း သပ်ရပ်တဲ့ အိမ်တစ်လုံး အနေနဲ့တော့ မဟုတ်ပါဘူး။ အချိန်တိုင်း ထပ်ခါထပ်ခါ ပြန်လည် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အိမ်အိုဟောင်းကြီး တစ်ခုအနေနဲ့ပဲ တွေးကြည့်ကြည့်ပါ။