The Power of a Positive No (2007) စာအုပ်ထဲမှာ စာရေးသူ William Ury က “no” လို့ ငြင်းဆန်ခြင်းရဲ့ စွမ်းအားတွေ အကြောင်းကို လေးလေးနက်နက် တင်ပြပြောဆိုထားပါတယ်။
“no” ဆိုတဲ့ စကားလုံးက ဘယ်လို ဘာသာစကားမျိုးမှာမဆို ထိရောက်မှု အရှိဆုံး စကားလုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီစကားလုံးကို တချို့သူတွေက မှားယွင်း အသုံးပြုတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါမှမဟုတ် ဒီလို ငြင်းဆန်လိုက်တဲ့ အတွက်ကြောင့် တခြားသူတွေက စိတ်ဆိုးသွားကြမလားဆိုပြီး ကြိုတင် စိတ်ပူပန်နေတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။
The Power of a Positive No စာအုပ်မှာတော့ သင်က သင့်ရဲ့ ရပ်တည်ချက်တွေဘက်ကနေ ဘယ်လိုမျိုး ခိုင်ခိုင်မာမာ ရပ်တည်ရမလဲ ဆိုတာနဲ့ သင့်ရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် အယူအဆတွေကို ဘယ်လိုမျိုး ခိုင်မာစွာ ငြင်းဆန်ရမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်တိုင်းကို တခြားသူတွေ စိတ်တိုင်းကျ ဖြစ်အောင် လုပ်ဆောင်နေရသူတွေ၊ ကိုယ်ပိုင် အယူအဆ ခိုင်ခိုင်မာမာ မရှိကြသူတွေ
- အလုပ်ခွင်မှာ အငြင်းပွားစရာ ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြတဲ့၊ အလုပ်ခွင်ကို အခုမှ စတင်ဝင်ရောက် လုပ်ကိုင်နေကြသူတွေ
- ကိုယ့်အယူအဆတွေကို ခိုင်ခိုင်မာမာ တင်ပြပြောဆိုနိုင်ဖို့အတွက် စွမ်းအား မရှိသလို ခံစားနေကြရတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။