ယနေ့ခေတ်မှာ လူတော်တော်များများ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ပြဿနာ (၃) ခုရှိပါတယ်။ အချိန် မလောက်တဲ့ ပြဿနာ၊ ငွေရေးကြေးရေး ပြဿနာ နဲ့ အလုပ်နဲ့ အိမ်တွင်းရေးကြားမှာ ကျန်းမာရေး ကောင်းမွန် အောင် နေထိုင်ရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေနဲ့ ပုဂ္ဂိုလ်ရေး နဲ့ အလုပ်ကြားမှာ ရုန်းကန်နေရ ခြင်းကတော့ အချိန်ဆွဲခြင်း (Procrastination)၊ အာရုံပျက်ပြားအောင် လုပ်တဲ့ အနှောင့်အယှက် (Distraction) တွေနဲ့ အလုပ်လုပ်ဆောင်နေရင်း ဖြစ်ပေါ်လာတဲ့ ကြားဖြတ်အနှောင့်အယှက် (Interruption) ဆိုတဲ့ အရာတွေက အာရုံစိုက်ခြင်း (Focus) ဆိုတဲ့အရာကို ဖိနှိပ်ထားလို့ပဲ ဖြစ်ပါတယ်။
