fbpx
the power of habit

Share To:

Facebook
Twitter
LinkedIn
4.0
Rated 4 out of 5
4 out of 5 stars (based on 2 reviews)
5 star0%
4 star100%
3 star0%
2 star0%
1 star0%

The Power of Habit

The Power of Habit (2012) စာအုပ်က ကျွန်တော်တို့ရဲ့ ဘ၀တွေမှာ အရေးကြီးတဲ့ အလေ့အကျင့်တွေအကြောင်းကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဥပမာ သွားတွေကို ပုံမှန်တိုက်တာ၊ လေ့ကျင့်ခန်း လုပ်တာလို ကောင်းတဲ့ အလေ့အကျင့်တွေလား၊ ဆေးလိပ် သောက်တာတွေလို ဆိုးဝါးတဲ့ အလေ့အကျင့်တွေလား စတဲ့ အလေ့အကျင့်တွေကို ကွဲကွဲပြားပြား သိရှိစေနိုင်ဖို့အတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ 

စနစ်တကျ ရှာဖွေလေ့လာထားတဲ့ သုတေသန ပြုချက်တွေနဲ့ ဥပမာ ဖြစ်ရပ်တွေနဲ့ ဖော်ပြထားတဲ့ ဒီစာအုပ်ထဲမှာ ကိုယ့်ရဲ့ အလေ့အကျင့်တွေက ဘယ်လို စတင်ဖြစ်လာတယ်ဆိုတာနဲ့ ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲနိုင်ဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီလို နည်းလမ်းတွေကို တစ်ယောက်ချင်းစီ အနေနဲ့ရော၊ အုပ်စုလိုက် အဖွဲ့လိုက် အနေနဲ့ရော လက်တွေ့ အသုံးချပြီး လိုက်နာကျင့်သုံးနိုင်ပါတယ်။ 

အလေ့အကျင့်တွေဆိုတာ လူသားတွေရဲ့ ဦးနှောက်ထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ ကိုယ့်မှာ အလေ့အကျင့်တစ်ခု ရှိနေပြီဆိုရင် ဒီအလေ့အကျင့်တွေက ကိုယ့်ရဲ့ ဘ၀ကို အများကြီး ပိုအဆင်ပြေသွားစေပါတယ်။

© 2023DreamLab.news. All Rights Reserved.

The Power of Habit

© Dreamlab.news. All rights reserved.