The Practice (2020) စာအုပ်က တီထွင်ဖန်တီးမှုရှိတဲ့ အလုပ်တွေကို လုပ်ဆောင်နေရတဲ့ creative professionals သမားတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
စာရေးသူ Seth Godin က တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ မွေးရာပါ အရည်အချင်း ဖြစ်တယ်၊ လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ သင်ယူလို့ မရနိုင်ဘူးဆိုတဲ့ အချက်အလက်တွေကို ဒီစာအုပ်ထဲမှာ ငြင်းဆန်ထားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစွာနဲ့ တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့ အလုပ်တွေ၊ အလေ့အကျင့်တွေ ဖြစ်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမလဲ ဆိုတဲ့ အချက်တွေ၊ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဝါဿနာပါတဲ့ အလုပ်တွေကို အသက်မွေးဝမ်းကြောင်းအလုပ်အကိုင် အဖြစ် ပြောင်းလဲပြီး တီထွင်ဖန်တီးမှု ရှိရှိ အလုပ်လုပ်ကိုင်ချင်ကြတဲ့သူတွေ
- သူတို့ ရောက်ရှိနေတဲ့ နယ်ပယ်ထဲမှာ ထိပ်ဆုံးနေရာကို ရောက်ရှိချင်ကြတဲ့ Creative professionals သမားတွေ
- တီထွင်ဖန်တီးမှုတွေကို ပိတ်ဆို့ထားတဲ့ အတားအဆီးတွေနဲ့ တွေ့ကြုံနေကြရတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။