The Procrastination Cure (2017) စာအုပ်က အလုပ်တစ်ခုကို အချိန်ဆွဲပြီး လုပ်ကိုင်တတ်သူတွေ အတွက် တန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အချိန်ဆွဲ နှောင့်နှေးစွာ လုပ်ကိုင်တတ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကို ဒီစာအုပ်ထဲမှာ ရှင်းလင်းဖော်ပြပေးထားပြီး သင့်ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း productivity တွေကို ပိုမိုတိုးတတ် လာစေနိုင်ဖို့အတွက်နဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ personal ပန်းတိုင်၊ အလုပ်အကိုင် professional ပန်းတိုင်တွေကို ရောက်ရှိအောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• အလုပ်တာဝန် အသစ်တစ်ခုခုကို စတင်ဖို့၊ အလုပ်တာဝန်တွေကို အချိန်မှီ ပြီးစီးအောင် လုပ်ဆောင်ဖို့အတွက် အခက်အခဲ ရှိနေကြတဲ့သူတွေ • လူမှုကွန်ရက်တွေမှာပဲ အချိန်ကုန်နေပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်နေတတ်ကြတဲ့သူတွေ • အချိန်ဆွဲ နှောင့်နှေးတတ်တဲ့ အလေ့အကျင့်တွေကို အမြစ်ကနေ ဖြတ်ပစ်ချင်ကြတဲ့သူတွေ