ကိုယ်က ကိုယ်လုပ်စရာရှိတဲ့ အလုပ်တစ်ခုကို အာရုံစိုက်ပြီး လုပ်ဆောင်ခဲ့တာ ဘယ်အချိန်တုန်းက နောက်ဆုံး ဖြစ်မလဲ။ အလုပ်လုပ်နေတုန်းမှာ ကိုယ့်ရဲ့ ဖုန်းတွေနဲ့ social media တွေကို လုံးဝ ဝင်မကြည့်ဘဲနဲ့ပေါ့။ တကယ်လို့ ကိုယ်ကလည်း တခြားသူတွေလိုပဲဆိုရင်တော့ နည်းနည်း ပြောစရာ ရှိလာပါပြီ။
ကျွန်တော်တို့ရဲ့ ဘဝမှာ ဆိုရှယ်မီဒီယာတွေက ဝင်လာတဲ့ အဆက်မပြတ် notifications တွေကို စွဲလန်းတာတွေက ကိုယ့်ရဲ့ ဦးနှောက်ထဲက dopamine နဲ့ serotonin တွေကို ခဏတာ ဖျော်ဖြေ ပေးနိုင်တာတော့ ဟုတ်ပါတယ်။ ဒါတွေကို သုံးရတာ ခဏတာတော့ ပျော်ရွှင်စရာ ကောင်းနေ ပါလိမ့်မယ်။