The Psychology of Money (2020) စာအုပ်က တကယ့် ကမ္ဘာကြီးမှာ ငွေကြေး အလုပ်လုပ်တဲ့ ပုံစံကို မြင်စေတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ စီးပွားရေး ပညာရှင်တွေရဲ့ သီအိုရီတွေနဲ့ စာရင်းဇယားတွေရဲ့ စာရွက်စာတမ်းတွေကို အသုံးပြုပြီးတော့ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်လေ့ မရှိကြပါဘူး။ အဲ့ဒီ့အစား အတိတ်က ဂုဏ်ယူစရာ၊ အားကျစရာဖြစ်ခဲ့တဲ့ မြောက်မြားလှစွာသော ကိန်းဂဏန်းတွေနဲ့ပဲ ဆုံးဖြတ်ချက်ချလေ့ ရှိကြပါတယ်။ ရလဒ်တွေကတော့ တစ်ခါတစ်ရံမှာ အံ့သြဖို့ ကောင်းပါတယ်။ နောက်ပြီး အမြဲတမ်း စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
– ရင်းနှီးမြှုပ်နှံသူတွေ
– ပိုက်ဆံစုတဲ့သူတွေ
– စွန့်ဦးတီထွင်တွေ
– သမိုင်းကို စိတ်ဝင်စား နှံ့စပ်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
မူရင်းစာရေးသူအကြောင်း
Morgan Housel က Collaborative Fund မှာ ပါတနာတစ်ယောက်ဖြစ်ပြီး Motiey Fool နဲ့ Wall Street Journal တို့အတွက် ရေးပေးတဲ့ ငွေကြေးဆိုင်ရာ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပါတယ်။ Seattle မှာ အခြေစိုက်ပြီး သူ့ရဲ့ အရေးအသားတွေအတွက် ဆုတွေ အများကြီးကိုလဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ New York Times Sidney ဆု၊ အမေရိကန် စီးပွားရေး အယ်ဒီယာများနှင့် စာရေးဆရာများ အဖွဲ့အစည်းကပေးတဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဆုကို ရထားတာလဲ ဖြစ်ပါတယ်။