The Richest Man In Babylon စာအုပ်က ရှေးဘေဘီလုံ လူမျိုးစုတွေရဲ့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ သင့်ရဲ့ ချမ်းသာကြွယ်၀မှုတွေကို ပိုမိုတိုးပွားလာအောင် လုပ်ဆောင်နိုင်တဲ့၊ ဒီနေ့ခေတ်နဲ့ ဆီလျော် ကိုက်ညီမှုရှိသေးတဲ့ ဘဏ္ဍာရေးဆိုင်ရာ လမ်းညွှန်ချက်တွေ၊ ဥစ္စာဓနတွေကို ရှာဖွေတဲ့နေရာမှာ လိုက်နာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ ကျောင်းသားကျောင်းသူတွေ
• ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်ချမှတ်မှုတွေနဲ့ အကျိုးအမြတ်ရှိစွာ ရင်းနှီးမြှုပ်နှံခြင်း နည်းလမ်းတွေကို စိတ်ဝင်စားသူတွေ
• ရေရှည်အတွက် ဘဏ္ဍာရေးအစီအစဉ်တွေ ချမှတ်ချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။