The Science of Getting Rich (1910) စာအုပ်က self-help စာအုပ်တွေထဲက ဂန္ထဝင်စာအုပ် တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူ Wallace D. Wattles က ချမ်းသာကြွယ်၀တဲ့ ဘ၀မှာ နေထိုင်ဖို့အတွက် သူ့ရဲ့ နည်းလမ်းတွေကို တင်ပြပေးထားပါတယ်။
အခွင့်အလမ်းတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိတဲ့ အတွေးတွေကို ဘယ်လိုမျိုး တွေးတောရမယ် ဆိုတာနဲ့ ကိုယ် လိုချင်တဲ့ အရာတွေကို ရရှိအောင် ဘယ်လိုမျိုး လုပ်ဆောင် ရမယ် ဆိုတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• အစောပိုင်း ဂန္ထဝင် self-help စာအုပ်တွေကို ဖတ်ရှုချင်တဲ့သူတွေ
• ပိုက်ဆံချမ်းသာတယ် ဆိုတာ မကောင်းဘူး၊ မှားယွင်းတယ်လို့ အတွေးအမြင်မှားနေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။