Internet ကို ကျယ်ပြန့်စွာ အသုံးပြုလာကြတာနဲ့အတူ ပညာရှင်များဟာလည်း ကိုယ်ကြိုက်တဲ့နေရာ ကနေပြီး အလုပ်တွေလုပ်နိင်လာကြတယ်၊ ပြီးတော့ လူတွေဟာလည်း သူတို့ရဲ့ အခွင့်အရေးတွေကို ပွေ့ဖက်ပြီး သူတို့ရဲ့ အကြံ ဉာဏ်တွေမှာ ရင်းနှီးမြုပ်နှံလို့ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဖန်တီးလာနိုင်ခဲ့ကြတယ်။ ဒါပေမယ့် ကုမ္ပဏီ တစ်ခုကို စတင်တည်ထောင်ရတာဟာ ထင်သလောက်မလွယ်ကူပဲ ကြိုးပမ်းအားထုတ်မှု အများကြီးလိုအပ်တဲ့ စိန်ခေါ်မှုတစ်ခုပါ။ စွန့်ဦးတီထွင်ခြင်းဆိုတာ အတွေးအမြင်တွေ၊ ဇွဲလုံ့လတွေ၊ ခေါင်းဆောင်မှု တွေနဲ့ လိုက်ရော ညီထွေရှိမှုတွေ အများကြီးလိုအပ်တဲ့ ပတ်ဝန်းကျင်ကို ဝင်ရောက်ရတာပါ။ သင်ဘယ်လောက်ပဲ အဆင်သင့်ဖြစ်နေပါစေ ရှုံးနှိမ့်ဖို့ အခွင့်အရေးတွေကတော့ မြင့်တက်နေတုန်းပါပဲ။ အဆင့်တိုင်းမှာ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေထက် အများကြီးပိုလိုအပ်တာမို့ သင်ကိုယ်တိုင် အကောင်းဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်အောင်ကြိုးစားရမှာပါ
