The Storytelling Edge (2018) စာအုပ်က ရှေးဟောင်း အမေရိကန်လူမျိုးတွေရဲ့ စကားပုံတစ်ခုဖြစ်တဲ့ ဇာတ်ကြောင်းတွေကို ပြောသူတွေက ကမ္ဘာကြီးကိုမောင်းနှင်တယ် (those who tell the stories run the world) ဆိုတဲ့ စကားပုံကို မှတ်သားထားတဲ့ content strategists နှစ်ယောက်ရဲ့ လေ့လာမှုတွေကို ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
စာရေးသူများဖြစ်တဲ့ Shane Snow နဲ့ Joe Lazauskas တို့ အခိုင်အမာဆိုထားတဲ့ စကားကတော့ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ အစိုးရတစ်ရပ် စတဲ့ ဘယ်လိုနေရာမှာ လုပ်ဆောင်နေတယ် ဆိုတာက အဓိက မကျပါဘူး၊ ဒီနေ့ခေတ် ကမ္ဘာမှာ အောင်မြင်နိုင်ဖို့အတွက်ဆိုရင် ကိုယ်က ကိုယ့်ရဲ့ ဇာတ်ကြောင်းတွေကို တတ်နိုင်သလောက် ချောမွေ့စွာ၊ သွက်လက်စွာ ပြောဆိုနိုင်ဖို့ လိုပါတယ်လို့ ဆိုပါတယ်။