The Things You Can See Only When You Slow Down (2012) စာအုပ်က ကျွန်တော်တို့တွေ ဘာလုပ်လို့ လုပ်ကိုင်နေမှန်း မသိတော့အောင် တွေဝေနေရတဲ့အထိ အလုပ် လုပ်ကိုင်နေကြရတဲ့၊ မြန်နှုန်းမြင့် ခြေလှမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအကြောင်းကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်တော်တို့တွေက အလုပ်ခွင်၊ မိသားစု၊ အပေါင်းအသင်းတွေနဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ ဒရမ်မာဆန်ဆန် အဖြစ်အပျက်တွေကြားမှာ ရုန်းကန် ရှင်သန် နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ သေးငယ်တဲ့ ပြဿနာလေးတွေကအစ ပုံကြီးချဲ့ပြီး ပိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်အောင် ဖန်တီးတာမျိုးတွေလည်း ရှိလာခဲ့ပါတယ်။ ကိုယ်က ဘာတွေကို လုပ်ဆောင်နေတာလဲ ဆိုတာကို မသိရှိတော့တဲ့အထိ တွေဝေမှုတွေ ဖြစ်လာဖို့ ဆိုတာ လွယ်ကူပါတယ်။
ဒီအတွက်ကြောင့် ကျွန်တော်တို့ ကိုယ်တိုင်ရော၊ တခြားသူတွေအပေါ်မှာရော စိတ်ငြိမ်းချမ်းမှုတွေနဲ့ ကိုယ်ချင်းစာတရားတွေ ကျင့်သုံးနိုင်မှသာ ဖြည်းညှင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နေရာ space တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ ဒီတော့မှသာ ကိုယ့်အတွက် စစ်မှန်တဲ့၊ ရေရှည် တည်ရှိနိုင်တဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အလုပ်၊ မိသားစု၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ကိုယ့်ရဲ့ အထွေထွေ ဘ၀တွေမှာ စိတ်ဖိစီးမှုတွေကို ခံစားနေရတဲ့သူတွေ
- အနားယူဖို့အတွက် ကိုယ့်ကိုကိုယ် ပြန်လည်သတိပေးနေရတဲ့၊ အလုပ်တွေ ရှုပ်နေတဲ့ ပရော်ဖက်ရှင်နယ် လုပ်သားတွေ
- ဒီလို အနားမရတဲ့၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေတဲ့ အချိန်တွေမျိုးမှာ ဟန်ချက်ညီမှု တစ်ခုကို ရှာဖွေချင်တဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။