They Ask You Answer (2017) စာအုပ်က ပြောင်းလဲနေတဲ့ marketing philosophy တစ်ခုကို တင်ပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
မျက်စိနောက်စရာ ကောင်းတဲ့ ကြော်ငြာတွေနဲ့ keyword တွေကို အခြေခံထားတဲ့ ဆောင်းပါးတွေနဲ့ ကြော်ငြာနေမယ့် အစား စာရေးသူ Marcus Sheridan က ကုမ္ပဏီတွေက ဖောက်သည်တွေကို စစ်မှန်တဲ့ သတင်းအချက်အလက်တွေနဲ့ ပညာပေးပြီး ဖောက်သည်တွေရဲ့ ယုံကြည်မှုတွေကို ရယူနိုင်ဖို့အတွက် အရည်အသွေးကောင်းတဲ့ online content တွေကို ဖန်တီးသင့်တယ် ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။
အွန်လိုင်း content creators တွေ၊ ကိုယ့်ကုမ္ပဏီရဲ့ ရောင်းအားနှုန်းတွေကို တိုးတတ်လာစေချင်တဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ ကြော်ငြာလောကအကြောင်းကို စိတ်ဝင်စားတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။