ကျွန်တော်တို့တွေ အောင်မြင်ဖို့အတွက်ဆိုရင်၊ အောင်မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်က အဓိကကျတဲ့ နေရာမှာ ပါဝင်နေတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လူအများစုမှာ သူတို့ကိုယ် သူတို့ နိမ့်ကျတဲ့ အတွေးတွေ တွေးပြီး ကိုယ့်မှာ စိန်ခေါ်မှု တစ်ခုခု ကြုံတွေ့လိုက်ရတာနဲ့ ဒါမှမဟုတ် ရှုံးနိမ့်မှု တစ်ခုခု ကြုံတွေ့လိုက်တာနဲ့ လက်လျော့ အရှုံးပေးသွားကြပါတယ်။
